၁. နေ့လည် ၁၂ နာရီမတိုင်မီတွင် အော်ဒါအတည်ပြုခြင်းပြီးပါက နေ့တွင်းချင်းပို့ဆောင်ပေးပြီး နေ့လည် ၁၂ နာရီနောက်ပိုင်းတွင် မှာသော အော်ဒါများအား နောက်တစ်နေ့တွင် ပို့ဆောင်ပေးသွားပါမည်။ 

၂. ပို့ဆောင်ချိန်သည် မနက် ၉:၃၀ မှ ညနေ ၅:၃၀ ထိဖြစ်သည်။

၃. "နေ့ချင်းပို့ဆောင်မှု" သည် စားသောက်ကုန်များအတွက်သာ အကျုံးဝင်ပြီး သတ်မှတ်ထားသည့်မြို့နယ်များအား နေ့စဉ်ပိတ်ရက်မရှိ (ပိတ်ရက်များပါအပါ) ပို့ဆောင်ပေးနေပါသည်။ 

ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုစွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ (မြို့ထဲ)၊ ဒေါပုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ ဗဟန်း၊ တာမွေ၊ ရန်ကင်း၊ မြောက်ဒဂုံ နှင့် အရှေ့ဒဂုံ။

၄. အထက်ပါမြို့နယ်များအတွက် ပို့ဆောင်ခသည် ၂၅၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး အခြားမြို့နယ်များအတွက်မူ မြို့နယ်အလိုက် ပို့ဆောင်ခကျသင့်ငွေ ကွဲပြားပါမည်။ 

၅. အော်ဒါအရေအတွက် နှင့် အခန်းအလွှာအနေအထားပေါ်မူတည်ပြီး ထပ်ဆောင်းပေးချေရနိုင်ပါသည်။ ၃ ကီလိုနှင့်အထက်အော်ဒါများအား ၁ ကီလိုလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ကောက်ခံသွားပါမည်။

၆. နေ့တွင်းချင်းပို့ဆောင်မှု အော်ဒါများအား ပယ်ဖျက်ခွင့်မပြုပါ။

၇. ကျွန်ုပ်တို့ ပို့ဆောင်မှုအဖွဲ့အားဆက်သွယ်ရန်: ၀၉ ၄၄၉၁၈ ၉၀၀၇

၈. ဝန်ဆောင်မှုဌာနသို့ဆက်သွယ်ရန်: ၀၉ ၄၄၉၁၈ ၉၀၀၈