အကောင်းဆုံး Noise Cancelling စွမ်းဆောင်ရည် Liberty 4 Pro noise cancelling earbuds တွင် sensor ၇ ခု ပါဝင်ပြီး (အသံဖမ်း sensor ၆ ခု + လေဖိအား barometric sensor ၁ ခု) ကို အသုံးပြုကာ ဘက်ပေါင်းစုံမှ ဆူညံသံများကို ဖမ်းယူနိုင်ပါတယ်။ လေယာဉ်၊ ရထား စသည့် ခရီးသွားရာနေရာများတွင်တောင် ၃ ဆပိုမိုအားကောင်းသော noise reduction ဖြင့် တိတ်ဆိတ်သက်သာတဲ့ ခရီးစဉ်ကို ခံစားနိုင်ပါတယ်။ Real-Time Adaptive Noise Reduction ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲလာတိုင်း 0.3 စက္ကန့်တစ်ကြိမ် အလိုအလျောက် ပြန်လည်ချိန်ညှိပေးပြီး အချိန်မရွေး အကောင်းဆုံး noise cancelling အရည်အသွေး ကို ဆက်လက်ထိန်းထားပေးနိုင်ပါတယ်။ လွယ်ကူသော Touch Controls Charging case ပေါ်ရှိ touch bar နှင့် display ကို အသုံးပြုပြီး ဖုန်းမလိုဘဲ noise cancelling အဆင့်များကို swipe တစ်ချက်နဲ့ အလွယ်တကူ ချိန်ညှိနိုင်ပါတယ်။ Studio-Level High-Fidelity Music အဆင့်မြှင့်တင်ထားသော ACAA acoustic architecture, 10.5mm bass driver, titanium-coated tweeter နှင့် digital crossover တို့ကို ပေါင်းစပ်ထားပြီး အသံပြတ်သားမှုမြင့်၊ bass ပြည့်ဝပြီး အသံအလွှာအသေးစိတ်တွေကိုပါ ကြားရစေတဲ့ studio-level sound quality ကို ပေးစွမ်းနိုင်ပါတယ်။ Super Fast Charging Liberty 4 Pro သည် 5C battery ကို အသုံးပြုထားပြီး ယခင် model များထက် ၂ ဆပိုမိုမြန်ဆန်စွာ charge ဝင်နိုင်ပါတယ်။ 5 မိနစ်သာ charge လုပ်ရုံနဲ့ 4 နာရီ အသုံးပြုနိုင်ပြီး တစ်ခါ charge နဲ့ 10 နာရီ, charging case နဲ့အတူ စုစုပေါင်း 40 နာရီထိ အသုံးပြုနိုင်ပါတယ်။ AI အားဖြင့် အဆင့်မြှင့်ထားသော Clear Calls (Mic ၆ ခု) Noise reduction algorithm နှင့် mic ၆ ခု ကို အသုံးပြုထားပြီး ဘယ်နေရာမှာမဆို ဖုန်းခေါ်ဆိုရာမှာ အသံကြည်လင်ရှင်းလင်းစေပါတယ်။ ထို့အပြင် လေသံလျော့ချတဲ့ wind noise reduction algorithm ပါဝင်တာကြောင့် မိုးရွာသည့်အချိန်၊ လေတိုက်သည့်အချိန်များတွင်ပါ အနှောင့်အယှက်မရှိ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ |