ဒီအဖြူရောင် Shampoo bar လေးကတော့ ဆံသားခြောက်သွေ့ပြီး ဆံပင်ဆေးဆိုး ကောက်ဖြောင့်ခြင်းကြောင့် ပျက်စီးတဲ့ ဆံသားတွေကို ပြန်လည်ကောင်းမွန်စေပါတယ်.သူ့ထဲက ပါဝင်ပစ္စည်းလေးတွေရဲ့ အာနိသင်လေးတွေကတော့.......Coconut milk -ဆံသားနဲ့ဦးရေပြားအတွက် အထူးကောင်းမွန်စေပြီး အထူးသဖြင့် ဦးရေပြားကို မခြောက်သွေ့စေပဲ moisture အပြည့်ဝရစေပါတယ် ဆံသားပျက်စီးခြင်း၊ဖွာခြင်း၊ခြောက်သွေ့ခြင်းကို အထူးပြန်လည်ကောင်းမွန်စေပြီး နူးညံ့ပျော့ပျောင်းစေပါတယ်…Ylang Ylang essential oil - ဆံသားတွေကို ထူထဲသန်မာလာစေတယ်.ဦးရေပြားကို ကျန်းမာစေပြီး ဆံသားတောက်ပြောင်နူးညံ့စေတယ် (ဟာဝိုအီကျွန်းမှာနေထိုင်တဲ့ အမျိုးသမီးတွေကတော့ ရှေးကတည်းက Coconut oil နဲ့ Ylang Ylang essential oil ကို ရောစပ်ပြီး ဆံစကနေ ခြေဖျားထိ တစ်ကိုယ်လုံးအသုံးပြုကျပါတယ်.အဲ့နှစ်ခုရောစပ်ထားတာကို "borriborri" လို့ ဟာဝိုင်အီမှာ ခေါ်ကျတယ်). ဒါကတော့ ဗဟုသုတအနေနဲ့ ပြောပြတာပါရှင့်.MC ရဲ့ ဒီ အဖြူရောင် Shampoo bar ထဲမှာ Coconut milk နဲ့ Ylang Ylang ပေါင်းစပ်ထားတယ်ဆိုတော့ အသုံးပြုပြီးသွားရင် ဟာဝိုင်အီကို ရောက်သွားသလို ဖီလင် ရစေမှာပေါ့နော်😁Bergamot essential oil -ဦးရေပြားယားယံခြင်း၊ မမြင်နိုင်တဲ့ မှိုပိုးမွှားများကို သေစေနိုင်ခြင်းကြောင့် ဦးရေပြားကို ကောင်းစွာသန့်စင်စေပါတယ်.ဆံသားတောက်ပြောင်ခြင်း ၊ ဆံသားများ သန်မာစေပြီး နူးညံ့စေပါတယ်.Vanilla essential oil - ချိုမြိန်တဲ့ရနံ့လေးနဲ့ Vanilla oil လေးက ဆံသားကို Hydrating အပြည့်အဝပေးပြီး ဆံသားလေးကို ပိုးသားလေးလို နူးညံ့လှပစေပါတယ်.Rice Protein-ဦးရေပြားကို အေးမြစေပြီး ဆံသားခြောက်သွေ့ပျက်စီးခြင်းများကို သက်သာစေတယ်.ဆံပင်ကျွတ်ခြင်းများကို လျော့ချပေးနိုင်တယ်.ပျက်စီး ဆံသားများကို ပြုပြင်ပေးနိုင်ပြီး ဆံသားအသစ်များထွက်စေနိုင်ပါတယ်.Hydrolized Keratin-ဆံသားခြောက်ပြီး အဖျားကွဲတာတွေ ဆေးဆိုး၊ကောက် ၊ဖြောင့်ခြင်းကြောင့် ဆံသားပျက်စီးတာတွေကို သက်သာစေတယ်.Sheabutter -နေရောင်ခြည်ထိတွေ့တာများပြီး ဆံသားခြောက်သွေ့ခြင်း သက်သာစေတယ်. ဆံသားများကိုလည်း ပြန်လည်ကျန်းမာသန်စွမ်းစေတယ်.Argan Oil- Antioxidant ကြွယ်ဝစွာပါဝင်လို့ ဆန့် ကျုံ့သတ္တိအားကောင်းပြီး ဆံသားကို ခိုင်မာထူထဲစေ.တယ်.ပြောင်လက်တောက်ပစေတယ်.Jojoba Oil-ဆံသားကျန်းမာသန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းကို သိသာစွာ လျော့ချပေးနိုင်ပါတယ်.Pro vitamin b5-ဆံသားကိုရေဓာတ်အပြည့်ဝဖြည့်တင်းပေးနိုင်ပြီး ရေရှည်စွဲသုံးပေးမယ်ဆိုလျှင် ဆံသားကိုထူထူပြည့်ပြည့်လေးဖြစ်စေပါတယ်.ဒီ Shampoo bar and Conditionar bar ရနံ့လေးကတော့ Ylang Ylang ရဲ့ နူးညံ့တဲ့ ပန်းရနံ့၊ Begamot ဆိုတဲ့ citrus အနွယ်ဝင် fresh ဖြစ်တဲ့ရနံ့ တို့ကို Vanilla ဆိုတဲ့ ချိုမြိန်တဲ့ ရနံ့လေးနဲ့ပေါင်းစပ်ပြုလုပ်ထားပါတယ်. |