Exfoliating Jelly maskလေးကို Chrysanthemum hydrosol,White willow bark extract (သဘာဝ Salycilic acid ဓာတ်များပါဝင်တဲ့ White willow bark extract က အရေပြားအပေါ်ယံလွှာကို သဘာဝတိုင်း Exfoliate လုပ်ပေးနိုင်ပါတယ်), Witch hazel extract,Cucumber extract တို့နဲ့ ပြုလုပ်ထားပါတယ်. ဒီ jelly mask လေးက အဆီပြန်ပြီး ဝက်ခြံပေါက်တဲ့ အသားရေပိုင်ရှင်များတွက် အထူးကောင်းမွန်ပါတယ်.ဘာကြောင့် ဒီ Jelly mask လေးက သဘာဝတိုင်း Exfoliating affect ကို ပေးနိုင်သလဲဆိုတာ ပါဝင်ပစ္စည်းတွေရဲ့ အကျိုးအာနိသင်လေးကို ဖတ်ကြည့်ရအောင်နော်....Chrysanthemum Hydrosol INCI name-Chrysanthemum Indicum Flower Distillate ဂန္ဓမာပန်းပေါင်းခံရည်က အသားရေအတွက်ပါမက Immune booster health supplement အနေနဲ့ပါ သူချည်းပဲ သောက်သုံးပေးနိုင်ပါတယ်.အသားရေအတွက် အရေးကြောင်းတွေ သက်သာစေနိုင်တယ်. အသားရေမညီညာတွေကို လျော့ပါးစေတယ်.ပိုးသေစေတဲ့အစွမ်းအာနိသင်ရှိတဲ့အတွက် အသားရေယားယံခြင်းနဲ့ ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေကို သက်သာစေတယ်. White Willow Bark Extract INCI name-Salix Nigra (Willow) Bark Extract သဘာဝ Salycilic acid ဓာတ်များပါဝင်တဲ့ white willow bark (မိုးမခခေါက်ပင်) က အသားရေကို Gentle exfoliate လုပ်ပေးနိုင်တဲ့အတွက် ဆဲလ်အသစ်များကိုတိုးပွားစေပြီး ဆဲလ်သေများကို ဖယ်ရှားပေးတဲ့အတွက် ကြည်လင်တဲ့အသားရေကိုရရှိနိုင်ပါတယ်.ဆားဝက်ခြံ၊အဆီဖုတွေ သက်သာစေပြီး မွှေးညှင်းပေါက်ထဲထိ သန့်စင်စေပါတယ်. နီမြန်းရောင်ရမ်းတာတွေကို သက်သာစေပါတယ်.ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်. Witch Hazel Extract INCI name-Hamamelis Virginiana (witch hazel) Extract ဝက်ခြံတွေကို ကာကွယ်ကုသနိုင်စွမ်းရှိပြီး အရေပြားထဲက မလိုအပ်တဲ့ အဆီပမာဏကို လျော့ချပေးနိုင်တယ်.အရေပြားနီမြန်းခြင်းတွေလည်း သက်သာစေပါတယ်.အရေပြားတင်းရင်းချောမွတ်စေတယ်. Cucumber Extract INCI name-Cucumis Sativus fruit extract ရေဓာတ်ပါဝင်မှုများပြီး cooling and soothing affect ကိုရစေတာကြောင့် အရေပြား ခြောက်သွေ့ နီမြန်းခြင်းကို အေးမြစေပြီး ရေဓာတ်ပြည့်ဝစေပါတယ်.ချောမွတ်နူးညံ့စေတယ်. Hyaluronic Acid INCI name-Sodium Hyaluronate အသားရေ အစိုဓာတ်ရအောင် အစိုဓာတ်ကို ဆွဲစုပ်ထားနိုင်တာကြောင့် အရေပြားကို စိုစိုလေးဖြစ်စေတယ်. Hydrated, Healthy,Plump and Soft ဖြစ်စေတာကြောင့် အသားရေကြမ်းတမ်းမွဲခြောက်ပြီး အရေးကြောင်းများ ဖြစ်လာခြင်းကိုသက်သာကာ ရေဓာတ်ပြည့်ဝ စိုပြည်ကြည်လင်တဲ့ အသား အရေဖြစ်လာအောင် လုပ်ပေး နိုင်ပါတယ်. Vitamin b5 INCI name-Dl-Panthenol Panthenol ကတော့ အသားရေတွက်လိုအပ်တဲ့ ရေဓာတ်ဖြည့်တင်းပေးပါတယ်. အသားရေကို အေးမြစေတယ်. ကြည်လင်စိုပြေတဲ့ အသားရေကို ရစေတယ်. Always do a patch test on hand or arm before applying a new product, especially if you have sensitive skin အသုံးပြုပုံ - သန့်စင်ပြီး ခြောက်သွေ့တဲ့ မျက်နှာ နှင့် လည်ပင်းကို လိုအပ်သော ပမာဏယူ၍ ပါးပါးညီညီလေးလိမ်းပြီး 15 မိနစ်ခန့်ထား ရေနဲ့ပြန်ဆေးချပေးပါရန်.တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် အသုံးပြုနိုင်ပါသည်. |