Vomigin (ချင်းသောက်ဆေး) တွင် ချင်းအဆီအနှစ်၊ ဖာလာစေ့အဆီအနှစ်နှင့် သစ်ကြံပိုးအခေါက်အဆီအနှစ်တို့ ပေါင်းစပ်ပါဝင်ပါသည်။
Vomigin (ချင်းသောက်ဆေး) သည် အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် မူးဝေ၊ ပျို့အန်သည့်ဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
ထို့အပြင် ခရီးသွားစဉ် ကားမူးခြင်း၊ လှိုင်းမူးခြင်း အစရှိသော Motion Sickness နှင့် ကိုယ်ဝန်ဆောင်ခါစ မူးဝေပျို့အန်ခြင်းစသည့် Morning Sickness တို့ကို ကာကွယ်၊ ကုသရာ၌ အသုံးပြုနိုင်ပါသည်။ အစာမစားချင်သူများ၊ ခံတွင်းပျက်နေသူများတွင် ခံတွင်းမြိန်စေပြီး စားချင်သောက်ချင်စိတ်များကို ဖြစ်ပေါ်စေနိုင်ပါသည်။
Vomigin (ချင်းသောက်ဆေး) ကို မနက်တစ်ပြား၊ ညတစ်ပြား အစာမစားခင် နာရီဝက်ကြိုတင်၍ သောက်သုံးပေးနိုင်ပါသည်။
ကားမူးတတ်သူများအနေဖြင့် Vomigin ကို ခရီးမသွားခင် နာရီဝက်အလိုတွင် ဆေးပြားတစ်ပြား သောက်သုံးပေးပါ။ လိုအပ်ပါက ထပ်မံသောက်သုံးပေးနိုင်ပါသည်။