FAME ဆေးဝါးစက်ရုံမှ ထုတ်လုပ်ထားသော Vegeplex (ရွက်စုံအားဖြည့်ဆေး) တွင် ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက် အစရှိသည့် ဟင်းရွက် (၄) မျိုး ပေါင်းစပ်ပါဝင်ပါသည်။
ဟင်းသီးဟင်းရွက်မှာပါဝင်သော ဗီတာမင်နှင့် သတ္တုဓာတ်များသည် လူတစ်ဦး၏ ကာယစွမ်းအား၊ ဥာဏစွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ပါသည်။ chlorophyll (ကလိုရိုဖီး) ပါဝင်သည့်အတွက် သွေးအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်သည့်အပြင်။ ခန္ဓာကိုယ်အတွင်းမှာရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။ ထို့အပြင် ဟင်းသီးဟင်းရွက်တွင် ပါဝင်သော အမျှင်ဓာတ်များသည် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပြီး အဆီကျစေရန်အတွက်လည်း များစွာအထောက်အကူပြုပါသည်။
Vegeplex (ရွက်စုံအားဖြည့်ဆေး) ကို ဟင်းသီးဟင်းရွက်တွေကို မနှစ်သက်၍ မစားသုံးဖြစ်သောသူများ၊ အစားနည်းသောသူများနှင့် ၀ယ်ယူစားသုံးရန် အခက်အခဲရှိနေသူများအတွက် အထူးသင့်လျော်ပြီး ကလေး၊ လူကြီး မရွေး Vegetable Supplement အနေဖြင့် နေ့စဉ် သောက်သုံးပေးနိုင်ပါသည်။
ထို့အပြင် ဟင်းသီးဟင်းရွက်တွင် ကပ်ပါလာမည့် ဓာတုပိုးသတ်ဆေး၊ ဓာတုပေါင်းသတ်ဆေး အကြွင်းအကျန်များ၏ အန္တရာယ်များကြောင့် ဟင်းသီးဟင်းရွက်မစားသုံးဖြစ်သောသူများအတွက် FAME Organic Pharm မှာ Organic နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ Vegeplex (ရွက်စုံအားဖြည့်ဆေး) ကို ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါသည်။