FAME ဆေးဝါးစက်ရုံမှ ထုတ်လုပ်ထားသော Osteomax (အရိုးသန်မာဆေး) ဆေးတောင့်တစ်တောင့်တွင် ပင်လယ်ရေမှော်မှရသော Organic Calcium 400 mg နှင့် နို့ထွက်ပစ္စည်းမှရသော Vitamin D 400 IU တို့ ပါဝင်ပါသည်။
ကယ်လ်စီယမ်သည် ခန္ဓာကိုယ်လုပ်ငန်းစဉ်များအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။
အရိုးနှင့် သွားများကို သန်မာကြံ့ခိုင်စေသည့်အတွက် အသက် (၅) နှစ်မှစ၍ ကလေး/ လူကြီးအရွယ်မရွေး နေ့စဉ် သောက်သုံးနိုင်ပါသည်။
အရိုးကျိုးခြင်း၊ အရိုးကျီးပေါင်းတက်ခြင်းနှင့် သွေးဆုံးပြီးအမျိုးသမီးများတွင် အဖြစ်များသော အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်၊ ကုသရာတွင် အသုံးပြုနိုင်ပါသည်။
ကြွက်တက်ခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်သည်။