FAME ဆေးဝါးစက်ရုံမှ ထုတ်လုပ်ထားသော Normosin (သွေးတိုးကျဆေး) ဆေးပြားတစ်ပြားတွင် အကြောပေါင်းတစ်ထောင်၊ ဒန့်သလွန်၊ အလိုကျု၊ ထောက်ကြံ့အခေါက်နှင့် ကြက်သွန်ဖြူ စသည့် ဆေးဖက်ဝင်အဆီအနှစ်တို့ ပေါင်းစပ်ပါဝင်ပါသည်။
သွေးတိုးရောဂါကို ကာကွယ်၊ ကုသရာတွင် အသုံးပြုနိုင်ပါသည်။ ထို့အပြင် အကြောအခြင်များကို ပြေလျော့စေသော အာနိသင်ရှိသောကြောင့် ဇက်ကြောတက်ခြင်း၊ ဇက်ကြောထိုးခြင်းများကို သက်သာပျောက်ကင်းစေပါသည်။ သွေးတွင်းမကောင်းသော ကိုလက်စထရောပမာဏကို လျော့ကျစေနိုင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါသည်။
Normosin (သွေးတိုးကျဆေး) ကို အသက် (၁၂) နှစ်နှင့်အထက်မှစ၍ သောက်သုံးပေးနိုင်ပါသည်။ မိမိသွေးပေါင်ချိန်ပေါ်မူတည်ကာ ဆေးပမာဏကို ချိန်ညှိ၍လည်း သောက်သုံးပေးနိုင်ပါသည်။
သဘာဝအော်ဂဲနစ်ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်ထားပြီး ဘေးထွက်ဆိုးကျိုးမရှိသောကြောင့် ရေရှည်သောက်သုံးပေးနိုင်သည့်အပြင် သွေးတိုးရောဂါ၏ နောက်ဆက်တွဲဝေဒနာများဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။