နာတာရှည်အသည်းရောင် စီ ပိုးရောဂါနှင့် အသည်းကင်ဆာကို ကုသရာ၌ အသုံးပြုနိုင်သော Luteolin (စမုန်ဖြူဆေး) ဆေးသစ်တစ်မျိုးကို FAME Pharmaceuticals က ဇွန်လမှစတင်ပြီး ထုတ်လုပ်ဖြန့်ချိ ရောင်းချလိုက်ပါတယ်ရှင်..
Luteolin (စမုန်ဖြူဆေး) ဆေးတောင့်တစ်တောင့်မှာ စမုန်ဖြူအဆီအနှစ်မှရတဲ့ Luteolin (လူတီယိုလင်း) ဒြပ်ပေါင်း ၁၀၀ မီလီဂရမ် ပါဝင်ပါတယ်ရှင်.. ဆေးဖက်ဝင်ဒြပ်ပေါင်း Luteolin ဟာ ဖလေဗိုနွိုက် (Flavonoid) အုပ်စုဝင်ဖြစ်ပြီး အ၀ါရောင်ပုံဆောင်ခဲသဏ္ဍာန်ရှိပါတယ်..
တရုတ်နိုင်ငံ ဖူဒမ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော သုတေသနအရ Luteolin ဟာ အသည်းရောင် စီ ပိုး ပွားများတာကို ဟန့်တားနိုင်စွမ်းရှိတာကြောင့် ယင်းဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နာတာရှည်အသည်းရောင်ရောဂါပေါ်မှာ များစွာအကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရပါတယ်ရှင်..
ထို့အပြင် အသည်းကင်ဆာဆဲလ်တွေကို ဟန့်တားနိုင်ကြောင်းကိုလည်း ထိုင်ဝမ်နိုင်ငံရှိ Kaohsiung Medical University မှ သိပ္ပံပညာရှင်များက စမ်းသပ်တွေ့ရှိခဲ့ပါတယ်... Luteolin ဟာ ပုံမှန်ဆဲလ်ပွားများနှုန်းကိုသာ အားပေးပြီး ကင်ဆာဆဲလ်ပွားနှုန်းကို ရပ်တန့်စေတာကြောင့် အသည်းကင်ဆာကို သက်သာစေပါတယ်ရှင်..
သုံးစွဲရန်ဆေးပမာဏကတော့ လူကြီး - တစ်ခါသောက် ဆေးတောင့် တစ်တောင့်၊တစ်နေ့ နှစ်ကြိမ် သောက်သုံးနိုင်ပါတယ်ရှင်..