ရောင်ရမ်းခြင်းနှင့် မြစ်ပွားနာရောဂါကို ကာကွယ်၊ ကုသရာ၌ အသုံးပြုနိုင်သော Mangosteen (မင်းကွတ်သီးဆေး) ကို FAME Pharmaceuticals က ဇူလိုင်လမှစတင်ပြီး ထုတ်လုပ်ဖြန့်ချိလိုက်ပါပြီရှင်..
Mangosteen (မင်းကွတ်သီးဆေး) ဆေးပြားတစ်ပြားတွင် မင်းကွတ်သီးအဆီအနှစ် ၂၀၀ မီလီဂရမ် ပါဝင်ပါတယ်ရှင်.. ဂျပန်နိုင်ငံ Gifu Pharmaceutical University မှ သုတေသနပညာရှင်များက မင်းကွတ်သီးတွင်ပါဝင်သော ဇန်သုန်းများ (Xanthone) ဟာ methicillin ဖြင့်နှိမ်နင်းနိုင်သော S.aureus နှင့် methicillin ကို ခံနိုင်ရည်ရှိသော S.aureus ကို ဆန့်ကျင်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်.. ဇန်သုန်းတွေဟာ မြစ်ပွားနာဆဲလ်တွေရဲ့ ဘ၀ဖြစ်စဉ်ကို ရပ်တန့်စေပြီး အလိုလိုသေဆုံးတာကို ဖြစ်စေပါတယ်..ဒါ့အပြင် မြစ်ပွားနာဆဲလ်တွေ မပွားနိုင်အောင်၊ မကြီးထွားအောင်နဲ့ တစ်နေရာမှ တစ်နေရာသို့ ပျံ့နှံ့မှုမရှိအောင်လည်း ဟန့်တားရာမှာ များစွာအကျိုးရှိပါတယ်ရှင်..
မင်းကွတ်သီးမှာ ပါဝင်သောဒြပ်ပေါင်းတွေဟာ မှိုရောဂါကို နှိမ်နင်းရာမှာလည်း အစွမ်းအာနိသင်ရှိပါတယ်.. အရေပြားယားယံတာကိုဖြစ်စေတဲ့ ဟစ်တမင်းနဲ့ ဆီရိုတိုနင်တို့ရဲ့ဖြစ်စဉ်ကို ပိတ်ပင်တားဆီးပေးတဲ့အပြင် ဓာတ်မတည့်တာကိုဖြစ်စေတဲ့ Prostaglandin E2 ထုတ်လုပ်တာကိုလည်း ဟန့်တားပေးနိုင်ပါတယ်ရှင်.. ဒါ့အပြင် ရောင်ရမ်းတာကို ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေရဲ့ အစွမ်းသတ္တိကို ဆန့်ကျင်ဟန့်တားပေးနိုင်ပါတယ်ရှင်..
ဒါ့ကြောင့် Mangosteen (မင်းကွတ်သီးဆေး) ကို သဘာဝပဋိဇီဝဆေးအဖြစ် အသုံးပြုနိုင်သလို ဓာတ်မတည့်တာ၊ ရောင်ရမ်းတာတွေကို သက်သာစေနိုင်တဲ့အပြင် မြစ်ပွားနာရောဂါများတွင်လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်ရှင်..
သုံးစွဲရန်ဆေးပမာဏက လူကြီး- တစ်ခါသောက် ဆေးပြား တစ်ပြား၊ တစ်နေ့ နှစ်ကြိမ် သောက်သုံးနိုင်ပါတယ်ရှင်..