Curcumin (နနွင်းဆေး) ဆေးပြားတစ်ပြားတွင် ကာကူမင် (Curcumin) ဒြပ်ပေါင်းပါဝင်သော နနွင်းအဆီအနှစ် ၂၀၀ မီလီဂရမ် ပါဝင်ပါသည်။
Curcumin (နနွင်းဆေး) သည် အစာအိမ်အနာကျက်ခြင်းကို အားပေးပြီး ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း ဝေဒနာများကို လျော့နည်းသက်သာစေပါသည်။ စိတ်ဖိစီးမှုများခြင်း၊ အရက်သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးသုံးစွဲခြင်းတို့ကြောင့် အစာအိမ်နာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။
အသက်အရွယ်ကြီးရင့်၍ အာရုံကြောချို့ယွင်းခြင်းဆိုင်ရာရောဂါဖြစ်သည့် အော်ဇိုင်းမားရောဂါ (Alzheimer’s disease) ကို
ကာကွယ်ပေးနိုင်ပါသည်။
Curcumin (နနွင်းဆေး) သည် အာရုံကြော၊ နှလုံးသွေးကြော၊ အစာအိမ် အူလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေပါသည်။
အသည်း၌ သံဓာတ်များစုပုံလာ၍ အသည်းထိခိုက်ခြင်းကို လျော့နည်းစေနိုင်သည်။
ရောင်ရမ်းခြင်းကို သက်သာစေသည့်အတွက် အဆစ်အမျက်ရောင်ခြင်း၊ လေးဖက်နာရောဂါ၊ ထိခိုက်ဒဏ်ရာကြောင့် ရောင်ရမ်းခြင်း၊ သားအိမ်ရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းရောင်ခြင်း၊ အသည်းရောင်ခြင်းနှင့် သည်းခြေအိတ်ရောင်ခြင်းတို့တွင် သောက်သုံးနိုင်ပါသည်။
Curcumin (နနွင်းဆေး) သည် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်၊ ကုသရာတွင်လည်း များစွာအထောက်အကူပြုနိုင်ပါသည်။
သွေးကြောပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးအတွင်း မကောင်းသောအဆီများကို လျော့နည်းစေသည့်အတွက် နှလုံးသွေးကြောကျဉ်းရောဂါတွင် သောက်သုံးပေးနိုင်ပါသည်။
တို့အပြင် Curcumin (နနွင်းဆေး) ကို အသားအရေစိုပြည်လှပစေရန်အတွက်လည်း နေ့စဉ် သောက်သုံးပေးနိုင်ပါသည်။
Curcumin (နနွင်းဆေး) ကို အသက် (၁၂) နှစ်နှင့်အထက် တစ်ခါသောက် ဆေးပြား ၊ တစ်နေ့ သုံးကြိမ်၊ အစာစားပြီး သောက်သုံးပေးနိုင်ပါသည်။
Curcumin (နနွင်းဆေး) ဆေးဘူးတစ်ဘူးတွင် ဆေးပြား (၆၀) ပါ၀င္ပါသည်