'ကလျာဏီ' ကျောက်စာကို inspire ယူပြီး 'ကလျာ'လို့အမည်ရတဲ့ နတ်မိမယ်လေးကို ဖန်တီးထားပါတယ်။ နူးညံ့ခြင်း၊ ပျော့ပျောင်းခြင်း၊ ငြိမ်သက်ခြင်း၊ တင့်တယ်လှပခြင်းတို့ကိုရောယှက်ပြီး ရှေးခေတ်ကျောက်စာတွေမှာမြင်တွေ့ရတဲ့ ကနုတ်ပန်းနွယ်လေးတွေနဲ့တကွ 'ကလျာ' ရဲ့ကျော့ရှင်းရစ်ငင်မှုကိုအသေးစိတ်ကျအောင် ထုဆစ်ပုံဖော်ထားတာပဲဖြစ်ပါတယ်။