ဝယ်ယူပြီးသည့်နေ့မှစ၍(၁၀)ရက်အတွင်းတွင် Manufacturer Fault ဖြစ်လျှင် Warranty ရပါသည်။
းယခင် ပုဂံမြို့တော်ကြီးစတင်တည်ဆောက်ခဲ့စဥ်ချိန်တုန်းက ပုဂံကျုံးမြို့ရိုးရဲ့လေးမျက်နှာပတ်လည်မှာ တံခါး(၁၂)ရပ် ပါရှိခဲ့ပါတယ်။ သို့ပေမယ့် အချိန်ကာလတွေကြာမြင့်လာတာနဲ့အမျှ အရှေ့မျက်နှာအလယ်ဗဟိုတံခါးဖြစ်တဲ့ 'သရပါတံခါး' တစ်ခုသာ ထင်ထင်ရှားရှားနဲ့ကျန်ရှိခဲ့ပါလေ တော့တယ်။ ကနုတ်ရဲ့ 'သရပါ-Tharaba' ဒီဇိုင်းဟာဆိုရင် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ ပုဂံခေတ်နန်းမြို့ရိုးတံခါးတွေပေါ်မှ ပန်းဆွဲလက်ရာ၊ ကနုတ်လက်ရာတွေကို Inspired ယူပြီးဖန်တီးထားတာပဲဖြစ်ပါတယ်။ အန္တရာယ်တွေကို ကာကွယ်ပေးချင်တဲ့စိတ်ကူးနဲ့ အနုပညာမြောက်အောင်ဖန်တီးရေးဆွဲထားပြီး ပန်းတော့ဒီဇိုင်းကိုပုံဖော်ကာ 'သရပါ' လို့ အမည်ပေးထားတာပဲဖြစ်ပါတယ်။ |
|