ဒီ လိမ္မော်ရောင် Shampoo bar လေးကတော့ ဆံပင်အကျွတ်များတာကို သက်သာစေပြီး ဆံပင်သန်စွမ်းချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်..သူထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်ခုချင်းစီရဲ့ အာနိသင်လေးတွေကတော့ Rice protein -ဆံသားတစ်မျှင်ချင်းစီမှာ အစိုဓာတ်အပြည့်ဝရစေပြီး နူးညံ့ချောမွတ်စေတယ်.ဆံသား ပျက်စီးခြင်းကာကွယ်ပေးပြီး ဆံသားပျက်စီးတာတွေကို ပြန်လည်ပြုပြင်ပေးပါတယ်.Hydrolized Keratin-ဆံသားခြောက်ပြီး အဖျားကွဲတာတွေ ဆေးဆိုး၊ကောက် ၊ဖြောင့်ခြင်းကြောင့် ဆံသားပျက်စီးတာတွေကို သက်သာစေတယ်.Sheabutter -နေရောင်ခြည်ထိတွေ့တာများပြီး ဆံသားခြောက်သွေ့ခြင်း သက်သာစေတယ်. ဆံသားများကိုလည်း ပြန်လည်ကျန်းမာသန်စွမ်းစေတယ်.Argan Oil- Antioxidant ကြွယ်ဝစွာပါဝင်လို့ ဆန့် ကျုံ့သတ္တိအားကောင်းပြီး ဆံသားကို ခိုင်မာထူထဲစေတယ်.ပြောင်လက်တောက်ပစေတယ်.Jojoba Oil-ဆံသားကျန်းမာသန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းကို သိသာစွာ လျော့ချပေးနိုင်ပါတယ်.Pro vitamin b5 ဆံသားကိုရေဓာတ်အပြည့်ဝဖြည့်တင်းပေးနိုင်ပြီး ရေရှည်စွဲသုံးပေးမယ်ဆိုလျှင် ဆံသားကိုထူထူပြည့်ပြည့်လေး ဖြစ်စေပါတယ်.Sweet Orange essential oil-ဆံသားကို အစိုဓာတ် အပြည့်ဝပေးပြီး တောက်ပြောင်စေတယ်.ဆံသားအရင်းမှ အဖျားထိ အားအင်ပြည့်ပြီး သန်စွမ်းစေတယ်. Rosemary essential oil-ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံသားကိုတိုးပွားစေပါတယ်.ဦးရေပြားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိတာကြောင့် ဦးရေပြားဗောက်ထခြင်းကို ကာကွယ်ပေးနိုင်ပါတယ်. Lavender essential oil ဦးရေပြား သွေးလှည်ပတ်မှုကောင်းစေတယ်.မွှေးညှင်းပေါက်လေးတွေကို အားဖြည့်ပေးနိုင်လို့ Baby hair လေးတွေ ထွက်စေနိုင်ပါတယ်.ဆံသားကို တောက်ပြောင်နူးညံ့စေပြီး သန်စွမ်းစေနိုင်ပါတယ်.ဒါကြောင့် ဒီ Shampoo bar လေးထဲမှာပါတဲ့ Rosemary, Lavender, Orange တို့က ဆံသား ကျန်းမာသန်စွမ်းစေရန်နဲ့ ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်မယ့် အလိုက်ဖက်ဆုံး အတွဲအစပ်လေးပဲဖြစ်ပါတယ်. |